လီချန်သည် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် Robert Fico အား နှစ်သိမ့်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-05-18 12:32:48  

မေလ ၁၇ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် Robert Fico တိုက်ခိုက်မှု ခံ ရ သောကြောင့် ဒဏ်ရာရရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး ၎င်းအား နှစ်သိမ့်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် လီချန်က မကြာခင်ရက်များက ဝန်ကြီးချုပ် တိုက်ခိုက်မှု ခံရပြီး ဒဏ်ရာရရှိခဲ့သည်ဟု ကြားရ၍ မိမိသည် အလွန် တုန်လှုပ်မိကြောင်း၊ မိမိသည် စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ကြောင်း ဖော်ပြပြီး ဝန်ကြီးချုပ် အမြန်ဆုံး ပြန်လည် သက်သာ လာမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။