တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်သည် " ပင်လယ်ပြင် ရိက္ခာ ဂိုဒေါင်" တည်ဆောက်

(GMT+08:00)2024-05-18 17:51:04  

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်သည် အဏ္ဏဝါအရင်းအမြစ်များ ပေါကြွယ်ဝပြီး ယခုနှစ်များတွင် ၎င်းဒေသ၌ "ပင်လယ်မွေးမြူရေးခြံများ" တည်ဆောက်ရေးကို တိုးချဲ့ လုပ်ဆောင်ခဲ့ ပါသည်။ ၂၀၂၃ခုနှစ်တွင် ရေထွက်ကုန်များ၏ ထုတ်လုပ်မှု တန်ချိန် ၈သန်းကျော်အထိ ရှိခဲ့ပြီး ငါးသင်  ဝါ၊ ပုဇွန်၊ ကနုကမာ၊ ဗောင်း(အဘာလိုနီခရု)နှင့် ပင်လယ်ရေညှိစသည့် အားသာချက်ရှိသော မျိုးစိတ်များ မွေးမြူထုတ်လုပ်ရေးတန်ဖိုးက တရုတ်ယွမ် ၁၀ ဘီလီယံကျော်ရှိကာ "ပင်လယ်ပြင် ရိက္ခာ ဂိုဒေါင်" ၏ ဖွံ့ဖြိုးတိုးတက်မှုအလားအလာ ကောင်းမွန်ပါသည်။