တရုတ်နှင့်ရုရှား မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းသည် မတည်မငြိမ် ဖြစ်နေသည့် ကမ္ဘာကြီးအတွက် ဆောင်ကြဉ်းလာသော စိတ်ကူးစိတ်သန်းများ

(GMT+08:00)2024-05-18 12:29:11  

 မေလ ၁၇ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်နေသည့် ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၇၅ နှစ်အတွင်း အောင်မြင်မှု အတွေ့အကြုံများကို ဘက်စုံ ပေါင်းရုံးသုံးသပ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အရေးကြီး နိုင်ငံတကာနှင့် ဒေသရေးရာများနှင့် ပတ်သက်၍ အမြင်ချင်းများ ဖလှယ်ကြကာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းသစ်ကို အတူ စီမံချမှတ်ခဲ့ကြပါသည်။ တရုတ်နှင့် ရုရှားတို့သည် ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများ စွာကိုလည်း ချုပ်ဆိုကာ နှစ်ဖက် ဆက်ဆံမှု တိုးမြှင့်ရေးအတွက် တွန်းအားသစ် ထည့်သွင်း ပေး ပါသည်။

   တရုတ်နှင့် ရုရှားတို့သည် ဘက်မလိုက်ခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှု မပြုလုပ်ခြင်း၊ တတိယဘက်ကို ရည်ညွှန်းမှု မပြုလုပ်ခြင်းတို့ကို စွဲကိုင်ထားပြီး နိုင်ငံတကာ မိသားစုကြီး အတွက် အမျိုးအစားသစ် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ စံနမူနာကို ထူပြထားကာ ရှုပ်ထွေး ပွေလီ ဖြစ်နေသော ကမ္ဘာကြီးအတွက် တန်ဖိုးရှိသည့် တည်ငြိမ်မှုများ ဆောင်ကြဉ်း ပေးလာပါသည်။

   တရုတ်နှင့် ရုရှား ပူးပေါင်းဆောင်ရွက်မှု ဘာကြောင့် အောင်မြင်နိုင်သနည်းဟု လူအများက မေးခွန်းထုတ်ကြသည်။ "ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်ကို အစဉ်တစိုက် ထွန်းကားစေရမည်၊ အပြန်အလှန် လေးစားပြီး တန်းတူရည်တူ သဘောထားကာ အပြန်အလှန် ယုံကြည်၍ တစ်ဖက်သား၏ အာရုံစူးစိုက်ရာ အချက်တွေကို အလေးထားရမည်၊ နှစ်ဖက်တို့၏ ဖွံ့ဖြိုးတိုးတက်ရှင်သန်ရေးအတွက် အမှန်စင်စစ် အပြန်အလှန် ထောက်ပံ့ကူညီပေးရမည်။" ယင်းသည် ရှီကျင့်ဖိန်က ပေါင်းရုံးသုံးသပ်ထားသော တရုတ်နှင့် ရုရှား မှန်ကန်သော ဆက်ဆံရေး လမ်းကြောင်းပင် ဖြစ်သည်။

  အထက်ပါ သမိုင်းဉာဏ်ပညာ စုစည်းထားသော အတွေ့အကြုံများသည် တရုတ်နှင့် ရုရှား ဆက်ဆံမှု ရှေ့သို့ ချီတက်ရေးအတွက် ဦးတည်ချက်ကို ညွှန်ပြထားသည့်အပြင် မတည်မငြိမ် ဖြစ်နေသည့် ကမ္ဘာကြီးအတွက်လည်း စိတ်ကူးစိတ်သန်းများ ဆောင်ကြဉ်းပေးလာပါသည်။ မျက်မှောက်အချိန်တွင် အနောက်နိုင်ငံအချို့သည် "နိုင်ငံကြီးအကြား ယှဉ်ပြိုင်မှု"ကို ဇွတ်အတင်း တွန်းအားပေးနေပြီး ကမ္ဘာကြီးတွင် ကွဲပြားမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုကို သွေး ထိုး လှုံ့ဆော်နေသည်။ တရုတ်နှင့်ရုရှား ဆက်ဆံမှု ဆက်တိုက် တည်ငြိမ်စွာ တိုးတက်လာ ခြင်းသည် နိုင်ငံကြီးအကြား မှန်ကန်သော ယှဉ်တွဲ နေထိုင် ဆက်ဆံရေး လမ်ကြောင်းကို ရှာတွေ့နိုင်ကြောင်းနှင့် ရှင်သန် အားကောင်းသော နိုင်ငံချင်း ဆက်ဆံမှုဖြင့် ကမ္ဘာကြီးအတွက် ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် လုံခြုံမှုတွေကို ဆောင်ကြဉ်း ပေးနိုင်ကြောင်းကို ပြသနေသည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။