ဟန်ကျိုးမြို့ ရှမ်းရေကန်တွင် နှစ်ရောင်စပ် lotus ကြာပန်း ပွင့်နေ

(GMT+08:00)2024-05-18 20:15:53  

မေလ ၁၇ ရက်နေ့က ဟန်ကျိုးမြို့ ရှမ်းရေကန် ရှုခင်းသာဧရိယာ၏ကြာကန်အတွင်း lotus ကြာပန်းများ  ပွင့် နေသည်။ ၎င်းအနက် အနီရောင်တစ်ဝက် အဝါရောင်တစ်ဝက် နှစ်ရောင်စပ် lotus ကြာပန်းများလည်း ပါဝင်သည်။ ဤ ကြာပန်းမျိုးသည် "Wanweisha" မျိုးစိတ် ဖြစ်ပြီး နိုင်ငံတကာ lotus ကြာပန်း ရွှေဆုကို အကြိမ်များစွာ ရရှိခဲ့သည်။ တစ်ပင်တည်းရှိ  ပန်းသည် ရက်အနည်းငယ်အတွင်း အနီရောင်နှင့် အဝါရောင်မှ လိမ္မော်အနီရောင်၊ လိမ္မော်အဝါရောင်နှင့် apricot အဝါရောင် စသည်ဖြင့် ပြောင်းလဲနိုင်သည်။