ယူကရိန်းက အမေရိကန်လုပ် လက်နက် ပစ္စည်းများကို ဖျက်ဆီးခဲ့သည်ဟု ရုရှားဆို၊ ရှေ့တန်းအတွက် ခက်ခဲနေဆဲဖြစ်သည်ဟု ယူကရိန်းဆို

(GMT+08:00)2024-05-17 14:07:00  

ယခုလ ၁၅ရက်နေ့က ရုရှားစစ်တပ်သည် တင့်ကားများ၊ သံချပ်ကာယာဉ်များ၊ အမေရိကန်လုပ် M777 ဟောင်ဝစ်ဇာများနှင့် မောင်းသူမဲ့လှေထားရှိသည့် ဂိုဒေါင်များကဲ့သို့သော ယူကရိန်း စစ်လက်နက်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒေသစံတော်ချိန် ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရှေ့တန်းတွင် တိုက်ပွဲပေါင်း ၈၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ရှေ့တန်း၏ အခြေအနေမှာ ခက်ခဲနေသေးသော်လည်း ထိန်းချုပ်နိုင်ခဲ့ကြောင်း ယူကရိန်းတပ်မတော် စစ်ဦးစီးဌာနချုပ်က ထိုနေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။