ဝမ်ယိသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ကာဇက်စတန်နှင့် တာဂျစ်ကစ္စတန်သို့ သွားရောက်လည်ပတ်မည်

(GMT+08:00)2024-05-17 14:04:27  

ကာဇက်စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Nurtreu နှင့် တာဂျစ်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Muhriddin တို့၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် မေလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးများ ကောင်စီ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပြီး ကာဇက်စတန်နှင့် တာဂျစ်ကစ္စတန်နိုင်ငံသို့ တရားဝင် သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ကြေညာခဲ့ သည်။