အစ္စရေးသို့ လက်နက်များ ဆက်လက်တင်ပို့ရေးကို တောင်းဆိုရန် ဥပဒေကြမ်းအဆိုပြုချက်ကို အမေရိကန် အောက်လွှတ်တော်က အတည်ပြု

(GMT+08:00)2024-05-17 14:19:43  

မေလ ၁၆ ရက်နေ့တွင် အမေရိကန် အောက်လွှတ်တော်က ထောက်ခံမဲ ၂၂၄ မဲနှင့် ကန့်ကွက်မဲ ၁၈၇မဲ ဖြင့် အစ္စရေးကို လက်နက်များ ဆက်လက် တင်ပို့ရေး တောင်းဆိုရန် သမ္မတ ဘိုင်ဒန်ကို ဖိအားပေးသော ဥပဒေကြမ်းကို အတည်ပြုခဲ့ပါသည်။ ယင်းဥပဒေကြမ်းအဆိုပြုချက်သည် "အစ္စရေးက Rafah ကိုတိုက်ခိုက်လျှင် အမေရိကန်က အစ္စရေးကိုပေးထားသည့် ထိုးစစ်ဆင် လက်နက်အချို့ကို သိမ်းထားလိမ့်မည်"ဟု ဘိုင်ဒန် က ပြောပြီး နောက် တင်ပြထားခြင်းဖြစ်ပါသည်။

အဆိုပါ ဥပဒေကြမ်းကို အတည်ပြုပြီးလျှင် ဘိုင်ဒန်သည် ၎င်း၏ ဗီတိုအာဏာကို အသုံးပြုမည်ဖြစ်ကြောင်း အိမ်ဖြူတော်က မကြာခင်က ပြောကြားခဲ့ပါသည်။