အမေရိကန်အနေနှင့် ထိုင်ဝမ်ရေးရာများဖြင့် တရုတ်အား ထိန်းချုပ်ဟန့်တားရန် လုပ်ရပ်များ ကို ရပ်တန့်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်အကြားဆက်ဆံမှုအလုံးစုံအခြေအနေနှင့် ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် ကာကွယ် သင့်ကြောင်း အမေရိကန်ဆိုင်ရာ တရုတ်သံရုံးမှ ပြောကြား

(GMT+08:00)2024-05-17 14:09:43  

အမေရိကန်ဆိုင်ရာ တရုတ်သံရုံးသည် မကြာမီက သတင်းစာရှင်းလင်းပွဲကျင်းပပြီး၊ သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ လျူဖုန်ယွီသည် ထိုင်ဝမ်ရေးရာဆိုင်ရာ တရုတ်နိုင်ငံမှ မူအရ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားရာ၌  အမေရိကန်အနေနှင့် ထိုင်ဝမ်ရေးရာများဖြင့် တရုတ်အား ထိန်းချုပ်ဟန့်တားရန် လုပ်ရပ်များကို ရပ်တန့်ပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော် အကြားဆက်ဆံမှုအလုံးစုံအခြေအနေနှင့် ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို လက်တွေ့ ကျသော လုပ်ဆောင်ချက်များဖြင့် ကာကွယ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရပါသည်။

ထိုင်ဝမ်ဒေသ ခေါင်းဆောင်သစ် “ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား”ကို မေလ ၂၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်ခြင်းနှင့် စပ်လျဉ်း၍ လျူဖုန်ယွီက ထိုင်ဝမ်ဒေသရွေးကောက်ပွဲ သည် တရုတ်နိုင်ငံ၏ ဒေသန္တရကိစ္စဖြစ်ပြီး ရွေးကောက်ပွဲရလဒ်သည် ကမ္ဘာပေါ်တွင် တရုတ်ပြည် တစ်ပြည်တည်းသာရှိပြီး ထိုင်ဝမ်က တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အဖြစ်မှန်များကို ပြောင်းလဲစေမည်မဟုတ်ကြောင်း၊ ထိုင်ဝမ်သည် အမိနိုင်ငံရင်ခွင်ထဲသို့ မုချ ပြန်လည်ရောက်ရှိမည့် သမိုင်းရေစီးကြောင်းကိုလည်း ပြောင်းလဲစေမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။