၈ ကြိမ်မြောက် တရုတ်-ရုရှားကုန်စည်ပြပွဲသို့ ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2024-05-17 16:47:46  

မေလ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ၈ ကြိမ်မြောက် တရုတ်- ရုရှားကုန်စည်ပြပွဲထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
    သဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန် က နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခြင်းနှင့် ဖွံ့ဖြိုး တိုးတက်ခြင်းဖြင့် တရုတ်-ရုရှားကုန်စည်ပြပွဲသည် တရုတ်-ရုရှားနှစ်နိုင်ငံအကြား စီးပွား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အရေးကြီးသော ပလက်ဖောင်း ဖြစ်လာပြီ ဖြစ်ကြောင်း၊ နှစ်နိုင်ငံလုပ်ငန်းပေါင်းစုံများအား ယခုအကြိမ် ကုန်စည်ပြပွဲ၏ အခွင့် ကောင်းကို ယူပြီး တရုတ်-ရုရှားနှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်း ဆောင်ရွက်မှုများ အတူတကွ တွန်းအားပေးရန်၊ ခေတ်သစ်တွင် နှစ်နိုင်ငံဘက်စုံ မဟာ ဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ဖို့ အင်အားသစ် ထည့်သွင်းပေးရန် မျှော် လင့်ကြောင်း ဖော်ပြထားပါသည်။
    ၈ ကြိမ်မြောက် တရုတ်-ရုရှားကုန်စည်ပြပွဲကို တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ် ပြည်သူ့အစိုးရ၊ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ရုရှားစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပခြင်း ဖြစ်ပြီး မေလ ၁၇ ရက်နေ့က  ဟေလုံကျန်းပြည်နယ် ဟာလ်ပင်မြို့တွင် စတင်ကျင်းပခဲ့သည်။