အရွယ်မရောက်သေးသူများကို အကာအကွယ်ပေးရေးဆိုင်ရာ အမေရိကန်" Meta" ကုမ္ပဏီကို ဥရောပသမဂ္ဂမှ စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်

(GMT+08:00)2024-05-17 14:18:49  

ဥရောပသမဂ္ဂကော်မရှင်သည် မေလ ၁၆ရက်နေ့က ကြေညာချက်ထုတ်ပြန်ရာတွင် ဥရောပသမဂ္ဂ၏ “ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဥပဒေ”မှ အရွယ်မရောက်သေးသူများ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်ချက်အရ အမေရိကန် ဆိုရှယ်မီဒီယာပလပ်ဖောင်း "Facebook" နှင့် "Instagram" တို့၏ မိခင်ကုမ္ပဏီ Meta ကုမ္ပဏီကို စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။

ဥရောပသမဂ္ဂကော်မရှင်က "Facebook" နှင့် " Instagram"၏ အယ်လဂိုရီသမ်များနှင့် အင်တာဖေ့စ်ဒီဇိုင်းများတွင် အန္တရာယ်များရှိပြီး ယင်းစနစ်သည် အရွယ်မရောက်သေးသူများ ၏ အားနည်းချက်များနှင့် အတွေ့အကြုံ မရှိခြင်းတို့ကို အခွင့်ကောင်းယူနိုင်ပြီး အရွယ်မရောက်သေးသူများကြားတွင် စွဲလမ်းမှု ဖြစ်စေကြောင်း ဖော်ပြ ထားပါသည်။