ဧပြီလအတွင်း တရုတ် စီးပွားရေးသည် ဆက်လက် ပြန်လည်ကောင်းမွန်လာဟု တရုတ် အမျိုးသား စားရင်းအင်း ဌာနဆို

(GMT+08:00)2024-05-17 14:08:16  

  ယနေ့ မေလ ၁၇ ရက်နေ့တွင် တရုတ် နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ တရုတ် အမျိုးသား စားရင်းအင်းဌာနမှ တာဝန်ရှိသူသည် ၂၀၂၄ ခုနှစ် ဧပြီလတွင် တရုတ် စီးပွားရေး လည်ပတ်မှု အခြေအနေကို ပြောကြား ခဲ့သည်။

    ဧပြီလအတွင်း တရုတ်ပြည် တစ်ပြည်လုံးမှ အတိုင်းအတာ အသင့်အတင့်ရှိသည့် စက်မှုလုပ်ငန်း တန်ဖိုးတိုးများလာသော ပမာဏမှာ ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၆.၇ ရာခိုင်နှုန်း တိုးလာပြီး မတ်လကထက် ၂.၂ ရာခိုင်နှုန်း ပိုမို လျင်မြန်စွာ တိုးတက်လာပြီး ပမာဏမှာ ၀.၉၇ ရာခိုင်နှုန်း တိုးများလာပါသည်။

     လူသုံး ကုန်ပစ္စည်းများ လက်လီရောင်းချမှု ပမာဏမှာ စုစုပေါင်း ယွမ် ၃၅၆၉.၉ ဘီလီယံရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၂.၃ ရာခိုင်နှုန်း တိုးလာပြီး မတ်လကထက် ၀.၀၃ ရာခိုင်နှုန်း တိုးများလာသည်။

     ဧပြီလတွင် ပြည်သူများ စားသုံးမှု စျေးနှုန်း (CPI) မှာ ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၀.၃ ရာခိုင်နှုန်း တိုးလာပြီး  မတ်လကထက် ၀.၁ ရာခိုင်နှုန်းတိုးလာသည်။

    ခြုံငုံကြည့်လျှင် ဧပြီလတွင် တရုတ် အမျိုးသား စီးပွားရေးသည် တည်ငြိမ်စွာ လည်ပတ်ခဲ့ပြီး ပြန်လည်ကောင်းမွန်လာသော အခြေအနေ ဆက်လက် ဖြစ်လာနေကြောင်း သတင်းအရ သိရှိရသည်။