ဖိလစ်ပိုင်နိုင်ငံသည် ထင်ရာစိုင်းလုပ်ပါက တရုတ်နိုင်ငံသည် လိုအပ်သော ဆောင်ရွက် ချက်များကို ကျင့်သုံးမည်ဟု ဝမ်ဝင်ပင်က ဆို

(GMT+08:00)2024-05-17 14:11:42  

မေလ ၁၆ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာ ရှင်းလင်း ပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သော သက်ဆိုင်ရာအကြောင်းအရာအကုန်လုံးသည် အဖြစ်မှန်များဖြစ်ကြောင်း၊ တရုတ်၊ ဖိလစ်ပိုင် အကြား တောင်ပင်လယ်အခြေအနေကို သင့်လျော်ကောင်းမွန်စွာ စီမံ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ရရှိခဲ့သော “လူကြီးမင်းများသဘောတူညီချက်”၊ အတွင်းပိုင်း နားလည်မှု ပဲဖြစ်ဖြစ် “ပုံစံသစ်”ပဲဖြစ်ဖြစ် အချိန်ဇယား ရှင်းလင်းပြတ်သားပြီး အဖြစ်မှန်များ သည် အပြောင်းအလဲ မရှိ အထောက်အထားများခိုင်လုံ၍ မည်သူမျှ မငြင်း နိုင်ကြောင်း၊ Ren'ai ကျောက်ဆောင် ပြဿနာနှင့် ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံ၏ ခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်ခြင်းသည် ၄င်းက ယုံကြည်မှုကို ဖောက်ဖျက်ပြီး ရန်စမှုနှင့် ကျူးလွန်မှု ပြုသောဘက် ဖြစ်သည်ဟု သက်သေပြနေကြောင်း ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်သည် အဖြစ်မှန်များကို  မှန်ကန်စွာ ရှုမြင်ပြီး ကတိကဝတ်များကို လိုက်နာကာ ကျူးလွန်မှုနှင့်ရန်စမှုကို ချက်ချင်းရပ်စဲ၍ စေ့စပ်ဆွေးနွေးခြင်းဖြင့် တောင်ပင်လယ်ဆိုင်ရာ သဘောကွဲလွဲမှုကို သင့်လျော်စွာကိုင်တွယ်ဖြေရှင်းသော လမ်းကြောင်းပေါ်သို့ အမြန်ဆုံး ပြန်ရောက်ရန် မိမိတို့အနေနှင့် ထပ်မံတိုက်တွန်းကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ထင်ရာစိုင်း လုပ်ပါက တရုတ်နိုင်ငံသည် ကိုယ့် တရားဝင်အခွင့်အရေးနှင့်အကျိုးစီးပွားများကို ပြတ်သား စွာ စောင့်ရှောက်ရန်အတွက် လိုအပ်သောဆောင်ရွက်ချက်များကို ကျင့်သုံးမည် ဖြစ်ကြောင်း ဝမ်ဝင်ပင်က ပြောကြားခဲ့ပါသည်။