အီရတ်ပြည်တွင်း အခြေအနေ တည်ငြိမ်အောင် အထောက်အကူပြုရန် UNAMI ဆုတ်ခွာရန် တရုတ်နိုင်ငံမှ ထောက်ခံ

(GMT+08:00)2024-05-17 14:31:36  

အီရတ်အစိုးရသည် မေလ ၈ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံသို့ စာလွှာပေးပို့ပြီး UNAMI အား ၎င်း၏ အာဏာအပ်နှင်းမှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် အဆုံးသတ်ရန် တောင်းဆိုသည့်အပြင်  အာဏာအပ်နှင်းမှု ပိုမိုအလွယ်ကူဆင်ပြေစေရန် အသေးစိတ် အစီအစဉ်များကိုလည်း အဆိုတင်သွင်းခဲ့ပါသည်။ ဒေသစံတော်ချိန် မေလ ၁၆ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အီရတ်ပြဿနာ ပြန်လည်သုံးသပ်ရန် အစည်းအဝေး  ကျင်းပခဲ့ပါသည်။ တရုတ်ကိုယ်စားလှယ်က မိန့်ခွန်းပြောကြားရာ၌ လက်ရှိအီရတ်၏ ပြည်တွင်းအခြေအနေသည် ခြေလှမ်းမှန်မှန် ကောင်းမွန်လာနေပြီး UNAMI တဖြည်းဖြည်းဆုတ်ခွာသည့်အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။