တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ပဉ္စမအကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

(GMT+08:00)2024-05-17 14:06:17  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar သည် တရုတ်နိုင်ငံသို့ မေလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ လာရောက်ခဲ့သည်။ မေလ ၁၅ ရက်နေ့တွင် ဝန်ကြီး ဝမ်ယိ နှင့် ဝန်ကြီး Dar တို့သည် ဘေကျင်း၌ ပဉ္စမအကြိမ်မြောက် တရုတ်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ မဟာဗျူဟာဆွေးနွေးပွဲတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ယခုအကြိမ် မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်တို့သည် နှစ်ဖက်ဆက်ဆံရေးနှင့် နှစ်နိုင်ငံ မဟာဗျူဟာ၊ စီးပွားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ယဉ်ကျေးမှုစသည့် ကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ်ခဲ့ပြီး  အတူ ဂရုစိုက်ကြသော နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များနှင့် ပတ်သက်၍လည်း  ဆွေးနွေးခဲ့ကြသည်။