ရှီကျင့်ဖိန်သည် ၃၃ကြိမ်မြောက် အာရပ်နိုင်ငံများ မဟာမိတ်အဖွဲ့ ထိပ်သီး ကောင်စီ အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-05-16 22:27:41  

    ယခုလ ၁၆ရက်နေ့တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အာရပ်နိုင်ငံများ မဟာမိတ်အဖွဲ့ ထိပ်သီး ကောင်စီ အစည်းအဝေး အလှည့်ကျ သဘာပတိ၊ ဘာရိန်း နိုင်ငံ ဘုရင် Hamadထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ပြီး ၃၃ကြိမ်မြောက် အာရပ်နိုင်ငံများ မဟာမိတ်အဖွဲ့ ထိပ်သီး ကောင်စီ အစည်းအဝေးအား Manamaတွင် ကျင်းပခြင်းကို ဂုဏ်ပြုကြောင်း ဖော်ပြပါသည်။