ဖိလစ်ပိုင်ဘက်မှ စိတ်ကြိုက်ဇွတ်အတင်း ဆက်လက်ဆောင်ရွက်ပါက တရုတ် နိုင်ငံသည် မိမိ၏ တရားမျှတမှန်ကန်သော အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်သားစွာ ထိန်းသိမ်းကာကွယ်ရန် အတွက် လိုအပ်သော ဆောင်ရွက်ချက်များ ကျင့်သုံးမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-05-16 17:51:05  

    ယခုလ ၁၆ရက်နေ့တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbinက ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ရာ ဖိလစ်ပိုင်အား အဖြစ်မှန်များကို မှန်ကန်စွာ ရှုမြင်ပြီး ကတိပြုချက်များကို လိုက်နာစောင့်စည်းကာ အခွင့်အရေး ကျူးကျော်ထိပါးမှုနှင့် ရန်စမှုများကို ချက်ချင်း ရပ်တန့်၍ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ပင်လယ်ရေးရာ သဘောကွဲလွဲမှုများကို ဖြေရှင်းရေး လမ်းကြောင်းမှန်သို့ အမြန်ဆုံး ပြန်လည် ရောက်ရှိရန် ထပ်မံ တိုက်တွန်းကြောင်း၊ ဖိလစ်ပိုင်ဘက်မှ စိတ်ကြိုက် ဇွတ်အတင်း ဆက်လက်ဆောင်ရွက်ပါက တရုတ် နိုင်ငံသည် မိမိ၏ တရားမျှတမှန်ကန်သော အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်သားစွာ ထိန်းသိမ်းကာကွယ်ရန် အတွက် လိုအပ်သော ဆောင်ရွက်ချက်များ ကျင့်သုံးမည် ဖြစ်ကြောင်း ပြောကြားပါသည်။