ရှီကျင့်ဖိန်နှင့် ပူတင်တို့သည် သတင်းထောက်များနှင့် အတူ တွေ့ဆုံ

(GMT+08:00)2024-05-16 16:39:17  

 ယခုလ ၁၆ရက်နေ့တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းထောက်များ အား အတူ တွေ့ဆုံခဲ့ကြပါသည်။

ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ရုရှား သံတမန် ဆက်ဆံရေး ထားရှိသည့် ၇၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ တရုတ်-ရုရှား ဆက်ဆံမှုသည် မိုးဒဏ်လေဒဏ်များကို ကြံ့ကြံ့ခံပြီး ခိုင်မာလာကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

ပူတင်က ရုရှားနှင့် တရုတ်တို့သည် နှစ်နိုင်ငံ အကြားရှိ ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု တစ်ဆင့်တိုး နက်ရှိုင်းစေရေး အပေါ် လွန်စွာ အလေးထားကြကြောင်း ပြောကြားခဲ့ပါသည်။