ဘရာဇီးနိုင်ငံ Rio Grande do Sul တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် ရှီကျင့်ဖိန်သည် ဘရာဇီးသမ္မတ Lula ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2024-05-16 17:45:49  

ဘရာဇီးနိုင်ငံ Rio Grande do Sul တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘရာဇီးသမ္မတ Lula အား ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က မိမိသည် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား သေဆုံးသူများနှင့် ပတ်သက်ပြီး လေးလေးနက်နက် ဝမ်းနည်းကြေကွဲကြောင်းနှင့် သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများနှင့် ဘေးသင့်ဒေသပြည်သူများအား နှစ်သိမ့်ကြောင်းဖော်ပြပြီး ဒဏ်ရာရရှိသူများ အမြန်ဆုံး ပြန်လည်ကျန်းမာလာစေရန် ဆုတောင်းမေတ္တာပို့သပါကြောင်း၊ ဘေးသင့်ဒေသများက ပြည်သူများသည် အခက်အခဲများကို ကျော်လွှားနိုင်ပြီး ၎င်းတို့၏ ဇာတိရပ်ရွာများကို အမြန်ဆုံးပြန်လည်တည်ဆောက် နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားပါသည်။