ရှီကျင့်ဖိန်နှင့် ပူတင်တို့သည် ခေတ်သစ် တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု နက်ရှိုင်းစေရေး ဆိုင်ရာ ပူးတွဲ ကြေညာချက်ကို အတူ လက်မှတ်ရေးထိုး ထုတ်ပြန်

(GMT+08:00)2024-05-16 15:06:26  

ယခုလ ၁၆ရက်နေ့တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ တရုတ် နိုင်ငံသို့ တရားဝင် အလည်အပတ် ရောက်ရှိလာသော ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် “တရုတ် ပြည်သူ့ သမ္မတ နိုင်ငံနှင့် ရုရှား ပြည်ထောင်စု အကြား နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ထားရှိသည့် ၇၅နှစ် ပြည့်မြောက်သည့် အခါသမယတွင် ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု နက်ရှိုင်းစေရေး ဆိုင်ရာ ပူးတွဲ ကြေညာချက်”ကို အတူတကွ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့ကြပါသည်။