လီချန်သည် စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ်သစ် Lawrence Wongအား ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-05-16 15:05:37  

မေလ ၁၅ရက်နေ့က တရုတ်နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်သည် စင်္ကာပူ ဝန်ကြီးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့် Lawrence Wongအား ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

လီချန်က တရုတ်နှင့်စင်္ကာပူတို့သည် ချစ်ကြည်ရေးအိမ်နီးချင်းနိုင်ငံနှင့် အရေးကြီး ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ သံတမန်အဆက်အသွယ်ထားရှိခဲ့ သည့် နှစ်ပေါင်း ၃၀ကျော်အတွင်း နှစ်နိုင်ငံအကြား နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု အဆက်မပြတ်နက်ရှိုင်းလာပြီး နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုအောင်ကျိုးရလဒ် များစွာရှိကြောင်း၊ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးရုံသာမက ဒေသတွင်းနိုင်ငံများအတွက် ပူးပေါင်းဆောင်ရွက်ရေးနမူနာကို စိုက်ထူခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံတို့သည် ဘက်စုံ အရည်အချင်းမြင့်သော ရှေ့ကိုမျှော်မြင်သည့် မိတ်ဖက်ဆက်ဆံမှုကို ထားရှိခဲ့ပြီး ခေတ်သစ်တွင် တရုတ်-စင်္ကာပူ ဆက်ဆံရေးအတွက် မဟာဗျူဟာမြောက်ဦးတည်ချက်ကို သတ်မှတ်ပေးကြောင်း ပြောကြားခဲ့ပါသည်။