တရုတ် ပြည်သူ့ သမ္မတ နိုင်ငံနှင့် ရုရှား ပြည်ထောင်စု အကြား နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ထားရှိသည့် ၇၅နှစ် ပြည့်မြောက်သည့် အခါသမယတွင် ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု နက်ရှိုင်းစေရေး ဆိုင်ရာ ပူးတွဲ ကြေညာချက်

(GMT+08:00)2024-05-16 22:28:28  

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ရုရှား ပြည်ထောင်စု သမ္မတ Vladimir Putinသည် ၂၀၂၄ခုနှစ် မေလ ၁၆ရက်နေ့မှ ၁၇ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်ပါသည်။ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် ပေကျင်းတွင် တရားဝင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး ၂၀၂၄-၂၀၂၅ခုနှစ်  “တရုတ်-ရုရှား ယဉ်ကျေးမှုနှစ်” ဖွင့်ပွဲ အခမ်းအနားနှင့် တရုတ်-ရုရှား သံတမန် ဆက်ဆံမှု ထားရှိသည့် ၇၅နှစ် ပြည့်မြောက်ခြင်း တေးဂီတပွဲသို့ အတူတကွ တက်ရောက်ခဲ့ကြပါသည်။  တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ရုရှား သမ္မတ ပူတင်သည် အဌမ အကြိမ် တရုတ်-ရုရှား ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ဟာရ်ဘင်မြို့သို့ သွားရောက်ပါသည်။