ဖိလစ်ပိုင်သင်္ဘောများသည် တရုတ်ဟွမ်ယန်ကျွန်းအနီးတဝိုက် ပင်လယ်ရပ်ဝန်းတွင် တရားမဝင် စုဝေး၍ တရုတ်ပင်လယ်ရဲတပ်ဖွဲ့မှ ဥပဒေနှင့် အညီ ထိန်းချုပ်ဆောင်ရွက်

(GMT+08:00)2024-05-16 17:50:18  

မေလ ၁၆ ရက်နေ့က ဖိလစ်ပိုင်အရပ်ဘက်အဖွဲ့အစည်း Atin Ito သည် သင်္ဘော အများအပြားကို စည်းရုံးပြီး တရုတ်နိုင်ငံ ဟွမ်ယန်ကျွန်း အရှေ့ဘက် ရေမိုင် ၆၀ ခန့်အကွာ တွင် တရားမဝင် စုဝေးကာ ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးခဲ့ပါသည်။ ဖိလစ်ပိုင်အစိုးရ သင်္ဘောများသည် ၄င်းတို့နှင့်အတူ လိုက်ပါပြီး အစောင့်အကြပ်ပေးခဲ့ကြပါသည်။ ဖိလစ်ပိုင် နိုင်ငံသည် ငါးဖမ်းသင်္ဘောများအား ပစ္စည်းထောက်ပံ့မှု၊ ပိုက်ချငါးဖမ်းခြင်း၊ အလံပြသခြင်း စသည်တို့ကို ပြုလုပ်ခဲ့ရာ တရုတ်ပင်လယ် ကမ်းခြေစောင့်တပ်ဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံမှ တရားမဝင် စုဝေးခဲ့သည့် သင်္ဘောများအား ဥပဒေနှင့် အညီ ထိန်းချုပ်ဆောင်ရွက်ခဲ့ပါသည်။

    ဖိလစ်ပိုင်နိုင်ငံ၏ သင်္ဘောများတွင် မီဒီယာသမားများစွာ သယ်ဆောင်လာပြီး ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူး ခဲ့ကြပါသည်။ တရုတ်ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ဟွမ်ယန်ကျွန်းအနီးတဝိုက် ပင်လယ်ရပ်ဝန်းသို့ တရားမဝင်ကျူးကျော်ဝင်ရောက်နေသည့် ဖိလစ်ပိုင်သင်္ဘောများအား ထိန်းချုပ်ဆောင်ရွက်လျက်ရှိပါသည်။