ရှီကျင့်ဖိန်သည် ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-05-16 12:27:44  

    ယခုလ ၁၆ရက်နေ့ နံနက်ပိုင်းတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ တရုတ် နိုင်ငံသို့ တရားဝင် အလည်အပတ် ရောက်ရှိလာသော ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၇၅နှစ် အတွင်း တရုတ်-ရုရှား ဆက်ဆံမှုသည် နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှုများ၏ စိန်ခေါ်မှုများ အပါအဝင် မိုးဒဏ်လေဒဏ်များ ခံခဲ့ရပြီး ပိုမိုခိုင်မာလာကာ နိုင်ငံကြီးများ အကြား ဖြစ်ဖြစ်၊ အိမ်နီးချင်း နိုင်ငံများ အကြား ဖြစ်ဖြစ် အပြန်အလှန် လေးစားခြင်း၊ ပွင့်လင်းစွာ ပေါင်းသင်းဆက်ဆံရေး၊ သင့်မြတ်သာယာစွာ အတူ ယှဉ်တွဲနေထိုင်ရေးနှင့် အပြန်အလှန် အကျိုးရှိစေပြီး win-winရရှိရေး စံနမူနာကို စိုက်ထူခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့အပြင်၊ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ရုရှား နိုင်ငံနှင့် အပြန်အလှန် ယုံကြည်စိတ်ချရသော အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းများ အမြဲတမ်း ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများ အကြားရှိ သားစဉ်မြေးဆက် ချစ်ကြည်ရေးကို စဉ်ဆက်မပြတ် ခိုင်မာစေကာ ကိုယ့်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှင်သန်ရေးကို အတူတကွ အကောင်အထည် ဖော်ဆောင်လိုကြောင်းလည်း ပြောကြားခဲ့ပါသည်။