တရုတ်-ရုရှားဆက်ဆံရေး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ခြင်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏အရင်းခံအကျိုးစီးပွားနှင့်ကိုက်ညီသည်ဟု တရုတ် ဆို

(GMT+08:00)2024-05-16 15:04:03  

မေလ ၁၆ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပုံမှန်သတင်းစာရှင်းလင်းပွဲ ကို ကျင်းပခဲ့ပါသည်။ သက်ဆိုင်ရာသတင်းထောက်၏ တရုတ်-ရုရှားဆက်ဆံရေး နှင့်ပတ်သက်သောမေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်-ရုရှားဆက်ဆံရေး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ခြင်း သည် နှစ်နိုင်ငံနှင့်နှစ်နိုင်ငံပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့်ကိုက်ညီသည့်အပြင် ဒေသတွင်းသာမက ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် စည်ပင်သာယာရေးအတွက် အကျိုးပြုစွမ်းဆောင်ကြောင်းလည်း ပြောကြားပါသည်။