ရုရှားနိုင်ငံသမ္မတ ပူတင်သည် ဘေကျင်းသို့ ရောက်ရှိ

(GMT+08:00)2024-05-16 10:29:17  

မေလ ၁၆ ရက်နေ့ နံနက် ၄ နာရီခန့်က ရုရှားနိုင်ငံသမ္မတ ပူတင်သည် အထူးလေယာဉ်ဖြင့် ဘေကျင်းသို့ ရောက်ရှိလာပါသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ သမ္မတ ပူတင်သည် မေလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ တရုတ်နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်မည်ဟု သတင်းအရသိရပါသည်။