Open AI မှ AI မော်ဒယ်အသစ်မိတ်ဆက်

(GMT+08:00)2024-05-15 14:55:20  

ဘေကျင်းစံတော်ချိန် မေလ ၁၄ရက်နေ့ နံနက်ပိုင်းက OpenAI ကုမ္ပဏီသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် ထုတ်ကုန်သစ်မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ GPT-4o (ခေါ်) AI မော်ဒယ်အသစ်ကို မိတ်ဆက်ခဲ့ပါသည်။ OpenAI ကုမ္ပဏီက ၄င်း AI မော်ဒယ်အသစ်သည်“နားထောင်နိုင်ခြင်း၊ မြင်နိုင်ခြင်း၊ စကားပြောနိုင်ခြင်း”ဟူသော ကောင်းမွန်သော စွမ်းရည်များ ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထုတ်ကုန်သစ် မိတ်ဆက်ပွဲအခမ်းအနားတွင် OpenAI ကုမ္ပဏီသည် AI မော်ဒယ်အသစ်၏ အပလီကေးရှင်း အခြေအနေများစွာကို ပြသခဲ့ပါသည်။