ပထမဆုံးအကြိမ် အိုလံပစ် အရည်အချင်းစစ် ပြိုင်ပွဲကို ၁၆ ရက်နေ့မှာ စတင်မည်

(GMT+08:00)2024-05-15 15:06:00  

နိုင်ငံတကာ အိုလံပစ် ကော်မတီမှ ဖွဲ့စည်းထားသော အိုလံပစ်အားကစားပြိုင်ပွဲ အိုလံပစ် အရည်အချင်းစစ် ပြိုင်ပွဲ ပထမအကျော့ကို မေလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။ နိုင်ငံနှင့် ဒေသပေါင်း ၁၂၀ ကျော်မှ အားကစားသမား ၄၆၄ ဦးသည် ပါရီအိုလံပစ်ပြိုင်ပွဲပါဝင်နိုင်ရန်အတွက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နိုင်ငံတကာ အိုလံပစ်ကော်မတီက ရှန်ဟိုင်းနှင့် Budapestတို့ကို အိုလံပစ် အရည်အချင်းစစ် ပြိုင်ပွဲများအတွက် အိမ်ရှင်အဖြစ် ရွေးချယ်ကြောင်း ကြေညာခဲ့သည်။ ၎င်းတို့အနက် ရှန်ဟိုင်းမြို့တွင် မေလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး Budapest မြို့တွင် ဇွန်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။