ကန်၏ တရုတ်ထုတ်ကုန်များအပေါ် အခွန် တစ်ဆင့်တိုးမြှင့်ကောက်ခံမှုသည် မှားယွင်းမှု နောက်တစ်ခု ဖြစ်

(GMT+08:00)2024-05-15 18:18:27  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbinသည် ယခုလ ၁၅ရက်နေ့တွင် ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ရာ တရုတ်ထုတ်ကုန်များအပေါ် အမေရိကန်မှ အခွန် တစ်ဆင့်တိုးမြှင့်ကောက်ခံမှုသည် စီးပွားကုန်သွယ်ရေး ပြဿနာကို နိုင်ငံရေး ကိစ္စ ဖြစ်အောင် ဆက်လက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းသည် မှားယွင်းမှု နောက်တစ်ခု ဖြစ်ပြီး သွင်းကုန်များ၏ ကုန်ကျစရိတ်ကို သိသာစွာ တိုးမြှင့်ပြီး အမေရိကန် လုပ်ငန်းကုမ္ပဏီများနှင့် စားသုံးသူများအား ပိုမိုများပြားသည့် ဆုံးရှုံးနစ်နာမှုများ ခံစေမည်သာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၄င်းက အမေရိကန်သည်  ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်းဥပဒေများကို ထိရောက်စွာ လိုက်နာပြီး တရုတ်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံမှုများကို ချက်ချင်း ဖျက်သိမ်းရန် တိုက်တွန်းကြောင်း၊ တရုတ် နိုင်ငံသည် မိမိ၏အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သော ဆောင်ရွက်ချက် မှန်သမျှကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။