လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်သည့် ယာဉ်တန်းများသည် အစ္စရေး အခြေချနေထိုင်သူများ၏တိုက်ခိုက်ခြင်းခံရသည်ဟု အနောက်ဘက်ကမ်းအရာရှိဆို

(GMT+08:00)2024-05-15 15:06:34  

ယခုလ ၁၄ ရက်နေ့အစောပိုင်းတွင် ဂါဇာကမ်းမြှောင်သို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပို့ဆောင်ပေးသည့် ထရပ်ကားအများအပြားသည် အစ္စရေးဒေသခံများ၏ တိုက်ခိုက်မှုခံခဲ့ရကြောင်း ၁၄ ရက်နေ့က  အနောက်ဘက်ကမ်းသက်ဆိုင်ရာဌာနမှတာဝန်ရှိသူကပြောကြားခဲ့သည်။ အနောက်ဘက်ကမ်းရှိ Hebron မြို့အနီး Tarqumiya စစ်ဆေးရေးဂိတ်ကို ဖြတ်သွားပြီးနောက် စစ်ဆေးရေးဂိတ်၏ တစ်ဖက်တွင် အစ္စရေးအခြေချနေထိုင်သူများသည် လမ်းကိုပိတ်ဆို့ကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။