ဂါဇာဒေသမှ ဆေးရုံ၈ဝရာခိုင်နှုန်းဝန်ဆောင်မှုရပ်စဲပြီဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီး ဌာနဆို

(GMT+08:00)2024-05-15 15:16:08  

    အစ္စရေး၏ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြှောင်ဒေသရှိ     ဆေးရုံ၈၀ရာခိုင်းနှုန်းသည် ဝန်ဆောင်မှုရပ်စဲပြီဖြစ်ကြောင်း၊ ဂါဇာဒေသရှိ ဆေးဘက်ဆိုင်ရာ ဆိုးဝါးသော အခြေအနေများအပေါ် အစ္စရေးနိုင်ငံမှာ တာဝန်ရှိကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ဂါဇာကမ်းမြှောင်ဒေသ၏ ကျန်းမာရေးစနစ်ကို ကယ်တင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို ကြားဝင်ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း၊ အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြှောင်မှ ဒဏ်ရာရပါလက်စတိုင်းများ၏ ထွက်ခွာခွင့်ကို တင်းကျပ်စွာ ကန့်သတ်၍  ပါလက်စတိုင်းကျန်းမာရေး ဝန်ကြီးဌာနမှ ဂါဇာဒေသကို ဆေးအဖွဲ့ကို စေလွှတ်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။