တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဗြိတိန်တွင် တရုတ်နိုင်ငံသားများ အဖမ်းခံရခြင်း အပေါ် လွန်စွာအာရုံစိုက်

(GMT+08:00)2024-05-15 14:55:55  

မေလ ၁၄ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က တရုတ်နိုင်ငံအနေဖြင့် တရုတ် နိုင်ငံသားများ ဖမ်းဆီးတရားစွဲဆိုခံရမှုအပေါ် လွန်စွာအာရုံစိုက်ကြောင်း၊ ဗြိတိန်နိုင်ငံအား ဗြိန်တိန်နိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိရောက်စွာ ကာကွယ်ရန် အလေးအနက်တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။
    ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က အချိန်ကာလတစ်ခုအတောအတွင်း ဗြိတိန်နိုင်ငံ သည် တရုတ်သူလျှိုအမှုအခင်း၊ တရုတ်ဆိုက်ဘာတိုက်ခိုက်မှုစသည့် သတင်းများကို အဆက်မပြတ် ဖြန့်ခဲ့ကြောင်း၊ ယင်းပြစ်တင်ရှုတ်ချမှုများမှာ အခြေအမြစ်မရှိဘဲ မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခြင်းပင် ဖြစ်သဖြင့် လက်မခံနိုင်ကြောင်း၊ တရားရေးနှင့် နိုင်ငံတော်လုံခြုံရေးကို အကြောင်းပြသော ဤစက်ဆုပ်ဖွယ် နိုင်ငံရေးခြယ်လှယ်မှု လုပ်ရပ်များကို တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ပြောကြားခဲ့ ပါသည်။