တရုတ် ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့သည် Huangyanကျွန်းသို့ ဝင်ရောက်ကျူးကျော်သော ဖိလစ်ပိုင် သင်္ဘောကို သတိပေး

(GMT+08:00)2024-05-15 20:52:53  

    ယခုလ ၁၅ရက်နေ့က တရုတ် ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ဥပဒေနှင့် အညီ Huangyanကျွန်း ပင်လယ်ရပ်ဝန်းတွင် အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေးနှင့် ဥပဒေ ကျင့်သုံးရေး လှုပ်ရှားမှုကို ပုံမှန် ဆောင်ရွက်ပါသည်။ ထိုနေ့တွင် ဖိလစ်ပိုင် သင်္ဘောသည် တရုတ်ဘက်မှ ထပ်ခါတလဲလဲ သတိပေး တားဆီးမှုများကို လျစ်လျူရှုပြီး တရုတ် နိုင်ငံမှ စီမံအုပ်ချုပ်ခွင့် ပိုင်ဆိုင်ထားသော ပင်လယ်ရပ်ဝန်းသို့ တရားမဝင် အတင်းအဓမ္မ ကျူးကျော် ဝင်ရောက်ခဲ့ပါသည်။ တရုတ် ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖိလစ်ပိုင်ဘက်မှ ယင်း လုပ်ရပ်သည် တရုတ် အချုပ်အခြာ အာဏာပိုင်ခွင့်ကို ကျူးကျော်ထိပါးခြင်း ဖြစ်ပြီး နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူကို ဆိုးရွားစွာ ကျောခိုင်းခြင်းလည်း ဖြစ်ကြောင်း ပြောကြားပါသည်။ တရုတ် ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ဖိလစ်ပိုင်ဘက် အား ယင်းကျူးကျော်ထိးပါးမှု လုပ်ရပ်ကို ချက်ချင်း ရပ်စဲရန် တိုက်တွန်းပါသည်။ တရုတ် ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ဥပဒေနှင့် အညီ တရုတ် နိုင်ငံက စီမံအုပ်ချုပ်ပိုင်ခွင့် ရှိသော ပင်လယ်ရပ်ဝန်းတွင် အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေးနှင့် ဥပဒေ ကျင့်သုံးရေး လှုပ်ရှားမှုများကို ဆက်လက် ဆောင်ရွက်မည် ဖြစ်ပြီး နိုင်ငံတော် ပိုင်နက်နယ်မြေ အချုပ်အခြာ အာဏာပိုင်ခွင့်နှင့် အဏ္ဏဝါ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ် သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ပါသည်။