ထိုင်းနိုင်ငံ ဒူးရင်းသီးစိုက်ပျိုးခြံနှင့်ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်လေ့လာ

(GMT+08:00)2024-05-15 15:10:06  

ထိုင်းနိုင်ငံသည် တစ်ကမ္ဘာလုံး၌ ဒူးရင်းသီးစိုက်ပျိုးရေးနှင့်တင်ပို့ရောင်းချရေး အဓိကနိုင်ငံများတွင် တစ်နိုင်ငံဖြစ်ပြီး နှစ်စဉ် တရုတ်ပြည်သို့ ဒူးရင်းသီးအမြောက်အများကို တင်ပို့ရောင်းချလျက်ရှိပါသည်။ တရုတ်နိုင်ငံတော်အကောက်ခွန်ဌာနမှစာရင်းအရ ၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံ၏ လတ်ဆတ်သောဒူးရင်းသီးတင်သွင်းမှုပမာဏသည် တန်ချိန် ၁.၄၂၆သန်းရှိပြီး ယင်းအနက် ထိုင်းနိုင်ငံ၏လတ်ဆတ်သောဒူးရင်းသီး တန်ချိန် ၉သိန်း ၂သောင်း ၉ထောင်ရှိကာ တရုတ်နိုင်ငံ၏လတ်ဆတ်သောဒူးရင်းသီးတင်သွင်းမှု စုစုပေါင်း ပမာဏ၏ ၆၅.၁၅ ရာခိုင်နှုန်းရှိပါသည်။