ဖိလစ်ပိုင်သည် တရုတ်၏ စိတ်ရင်းစေတနာကို အလွဲသုံးစားလျှင် တရုတ်သည် ဥပဒေနှင့် အညီ အခွင့်အရေးကို ကာကွယ်မည်

(GMT+08:00)2024-05-15 18:20:29  

မေလ ၁၅ရက်နေ့တွင် ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ဟွမ်ယန်ကျွန်းသည် တရုတ် နိုင်ငံ၏ ရှိရင်းစွဲပိုင်နက်နယ်မြေ ဖြစ်သဖြင့် တရုတ်နိုင်ငံသည် ဟွမ်ယန်ကျွန်းနှင့် ဟွမ်ယန်ကျွန်းအနီးတဝိုက်ရှိ ပင်လယ်ရပ်ဝန်းအပေါ် ငြင်းခုံ၍မရသော အချုပ်အခြာအာဏာ ပိုင်ခွင့်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံမှ ငါးဖမ်းလှေအနည်းစု ဟွမ်ယန်ကျွန်း အနီးတဝိုက်ရှိ ပင်လယ်ရပ်ဝန်းတွင် ပုံမှန်ငါးဖမ်းရန်အတွက် တရုတ်နိုင်ငံအနေဖြင့် စေတနာ ကောင်းဖြင့် စီစဉ်ပေးခဲ့ပြီး တစ်ချိန်တည်းတွင်ပင် ဖိလစ်ပိုင်ငါးဖမ်းသမားများ၏ သက်ဆိုင်ရာ ဆောင်ရွက်မှုများအား ဥပဒေနှင့် အညီ စီမံခန့်ခွဲကာ ကြီးကြပ်လျက်ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၏ စေတနာကောင်းကို အလွဲသုံးစားပြုလုပ်လျှင် တရုတ်နိုင်ငံ အနေဖြင့် အခွင့်အရေးကို ဥပဒေနှင့် အညီ ကာကွယ်ပြီး တုံ့ပြန်မှုများ ဆောင်ရွက်မည် ဖြစ်ကာ သက်ဆိုင်ရာတာဝန်နှင့် ဆိုးကျိုးများကို ဖိလစ်ပိုင်နိုင်ငံမှ အပြည့်အဝ တာဝန်ယူရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။