ကန်၏ တရုတ်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံမှုများနှင့်ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တည်ကြည်လေးနက်စွာ အရေးဆိုမည်ဟု တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-05-15 14:56:28  

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူသည် အမေရိကန်၏ ပုဒ်မ ၃၀၁ ဖြင့် တရုတ်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံမှု လေးနှစ်တာကာလ ပြန်လည်သုံးသပ်ချက် ရလဒ်များ ထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခဲ့သည်။

မေလ ၁၄ ရက်နေ့က အမေရိကန်သည် လေးနှစ်တာကာလ ပြန်လည်သုံးသပ်ချက် ရလဒ်များ ထုတ်ပြန်ခဲ့ရာ မူလက တရုတ်ထုတ်ကုန်များအပေါ် ပုဒ်မ ၃၀၁ ဖြင့် ကောက်ခံသည့်အပြင် တရုတ်ပြည်မှ တင်သွင်းလာသော EV ကားများ၊ လီသီယမ် ဘက်ထရီများ၊ photovoltaic ဘက်ထရီများ၊ အရေးပါသော ဓာတ်သတ္တုများ၊ semiconductor၊ သံမဏိ၊ အလူမီနီယမ်၊ ဆိပ်ကမ်းကရိန်းနှင့် တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်းများ စသည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်သည် ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တည်ကြည်လေးနက်စွာ အရေးဆိုမည် ဖြစ်ကြောင်း ပြောကြားသည်။

အမေရိကန်သည် ၎င်း၏မှားယွင်းသော လုပ်ရပ်ကို ချက်ချင်းပြင်သင့်ပြီး တရုတ်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့် ကောက်ခံမှုများကို ပယ်ဖျက်သင့်ကြောင်း၊ တရုတ်သည် မိမိ၏အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။