ယခုနှစ် ပထမ လေးလပတ်အတွင်း ဖူကျန့်ပြည်နယ်မှ အာဆီယံသို့ သွင်းကုန်ပို့ကုန် ပမာဏမှာ ယွမ် ၁၅၇.၁ ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၄.၅ ရာခိုင်နှုန်း တိုးများလာ

(GMT+08:00)2024-05-15 14:57:52  

ရှာ့မင် အကောက်ခွန်ရုံးမှ စာရင်းအရ ယခုနှစ် ပထမ လေးလပတ်အတွင်း ဖူကျန့်ပြည်နယ်မှ အာဆီယံသို့ သွင်းကုန်ပို့ကုန် ပမာဏမှာ ယွမ် ၁၅၇.၁ ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၄.၅ ရာခိုင်နှုန်း တိုးများလာကာ အလားတူ အချိန်ပိုင်း စံချိန်သစ် တင်ခဲ့သည်ဟု သိရပါသည်။ ယင်းတို့အနက် အားဆီယံသို့ ပို့ကုန် ပမာဏမှာ ယွမ် ၁၀၄.၈ ဘီလီယံရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၄.၃ ရာခိုင်နှုန်း တိုးများလာကြောင်း၊   စက်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်းများနှင့် အလုပ်သမား အမြောက်အပြား ပါဝင်သော ထုတ်ကုန်များသည် အဓိက ပို့ကုန် ဖြစ်ကြောင်း၊ ပို့ကုန်ပမာဏ အားကောင်းစွာ တိုးများလာခြင်းသည် ဖူကျန့်ပြည်နယ်နှင့် အာဆီယံ အကြား ကုန်သွယ်ရေး တိုးတက်မှုအတွက် အဓိက တွန်းအားပင်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။