Qiushi မဂ္ဂဇင်းတွင် ရှီကျင့်ဖိန် ၏ အရေးကြီးသော ဆောင်းပါးကို ဖော်ပြမည်

(GMT+08:00)2024-05-15 18:20:56  

မေလ ၁၆ ရက်နေ့ထုတ် Qiushi မဂ္ဂဇင်းတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် ၏ “ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးမူဝါဒကို ဘက်စုံဇောက်ချပြုလုပ်ပြီး တရုတ်အသွင် ပုံစံခေတ်မီရေးအတွက် တောင့်တင်းသော အင်အားများ ဆက်တိုက် ထည့်သွင်းပေးခြင်း” ဟူသော အရေးကြီးသည့် ဆောင်းပါးကို ထုတ်ဝေမည် ဖြစ်ပါသည်။ ၄င်းမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ ရှီကျင့်ဖိန် ၏ အရေးကြီးသော မိန့်ခွန်းပြောကြား ချက်များ၏ ကောက်နှုတ်ချက်များ ဖြစ်ပါသည်။