၂တန်ရှိ ကုန်တင်လျှပ်စစ် ဒေါင်လိုက် အတက်အဆင်း လေယာဉ်ဖြစ်သော (eVTOL)သည် ပထမဆုံး စမ်းသပ်ပျံသန်း

(GMT+08:00)2024-05-15 15:03:09  

ယခုရက်များတွင် ရှန်ဟိုင်း Pudong အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Fengfei Aviation Technologyမှ ကိုယ်ပိုင်တီထွင်ထားသော တန်ချိန် ၂တန်ရှိ ကုန်တင်လျှပ်စစ် ဒေါင်လိုက် အတက်အဆင်း လေယာဉ်ဖြစ်သော (eVTOL) သည် အထူးခွင့်ပြု ပျံသန်းမှု အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

    ယခုအကြိမ် ပျံသန်းမှုသည် တန်ချိန်အဆင့်ရှိ eVTOL လေယာဉ်၏ ၄F အဆင့် လေဆိပ် (အမျိုးမျိုးသော လေယာဉ်ကြီးများ ပျံသန်းဆင်းသက်နိုင်သော အမြင့်ဆုံးအဆင့်လေဆိပ်) တွင် ပထမဆုံးသော စမ်းသပ်ပျံသန်းမှုကို အကောင်အထည်ဖော်ဆောင်ပြီး တရုတ်နိုင်ငံ၏ low altitude စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိက အောင်မြင်မှုတစ်ခုဖြစ်ပါသည်။