တရုတ်-လာအို မီးရထား သယ်ယူပို့ဆောင်မှု အားကောင်းသဖြင့် လာအိုသစ်သီးများ စားသုံးရန် အချိန် ၂၆ နာရီသာ ကြာသည်

(GMT+08:00)2024-05-15 14:59:44  

အရှေ့တောင်အာရှ သစ်သီးဝလံ အများအပြားကို ဈေးကွက်တင်ပြီးနောက် ယူနန်ပြည်နယ် မိုဟန်-ရထားလမ်းဂိတ်မှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် သယ်ယူ ပို့ဆောင်မှုပမာဏသည်လည်းအထွတ်အထိပ်သို့ ရောက်ရှိကာ ပျမ်းမျှနေ့စဉ်သယ်ယူ ပို့ဆောင်မှုပမာဏသည် တန်ချိန် ၁၅၀၀ ကျော် ရှိကြောင်း အချက်အလက်များအရ သိရပါသည်။ ပုပ်သိုးပျက်စီး လွယ်သော သစ်သီးဝလံများ၏ ပို့ဆောင်မှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရထားဌာနများသည် အအေးခန်းကွန်တိန်နာ ၁၀၀၀ ကျော်ကို စုစည်းကာ တရုတ်-လာအို ရထားလမ်းမှ အထူးပြေးဆွဲသည့် "Lancang-Mekong Express" နိုင်ငံတကာ ကုန်စည်ရထားဖြင့် ပို့ဆောင်ပေးသဖြင့် တရုတ် ကူမင်း-လာအို ဗီယင်ကျန်း ခရီးတစ်ခုလုံး သည် ၂၆ နာရီသာကြာသည်ဟု သိရပါသည်။