တရုတ်နိုင်ငံမှ ကိုယ်တိုင်တီထွင်ထားသော ကုန်းရေနှစ်မျိုးပျံသန်းဆင်းသက်နိုင်သည့် လေယာဉ် AG600 သည် အန္တရာယ်များသည့် စမ်းသပ်ပျံသန်းမှု ၂ ရပ်ကို ပြီးမြောက်ခဲ့

(GMT+08:00)2024-05-15 15:02:23  

    မေလ ၁၃ ရက်နေ့က တရုတ်နိုင်ငံမှ ကိုယ်တိုင်တီထွင်ထားသော အကြီးစား ကုန်းရေနှစ်မျိုးပျံသန်းဆင်းသက်နိုင်သည့် လေယာဉ် AG600 သည် အန္တရာယ်များသည့်  စမ်းသပ်ပျံသန်းမှု ၂ ရပ်ကို ချောမော စွာ ပြီးမြောက်ခဲ့ပါသည်။

ယင်း စမ်းသပ်မှု နှစ်ရပ်သည် လေယာဉ် စွမ်းဆောင်ရည်နှင့် ဘေးကင်းမှု အာမခံရန် အတွက် အလွန်အရေးကြီးပြီး ယင်းလေယာဉ်အမျိုးအစား လေကြောင်း နှင့်ထိုက်တန်သော လက်မှတ်ရရှိရန်နှင့် စတင်အသုံးပြုရန်အတွက် လိုအပ်သည့် ခြေလှမ်းလည်းဖြစ်ကြောင်း သိရပါသည်။