WHOတွင် ပါဝင်ရန် ကြံစည်ခြင်းဖြင့် ထိုင်ဝမ် သီးခြားတည်ရှိရေး ကြံစည်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို စိန်ခေါ်ခြင်းသည် ရှုံးနိမ့်မည်မှာ မုချမလွဲဖြစ်ကြောင်း နိုင်ငံတော် ကောင်စီ ထိုင်ဝမ်ရေးရာရုံးဆို

(GMT+08:00)2024-05-14 10:56:36  

    ယခုလ ၁၃ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ Chen Binhuaသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ လှုပ်ရှားမှုတွင် တရုတ် နိုင်ငံ ထိုင်ဝမ် ဒေသ ပါဝင်ခြင်းနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါသည်။ Chen Binhuaက မကြာခင်က ထိုင်ဝမ် ဒီမိုကရက်တစ် တိုးတက်ရေးပါတီ အာဏာပိုင်သည် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ့ ကျန်းမာရေး ကိစ္စများ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အာရုံစူးစိုက်မှုကို အသုံးပြုပြီး ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ် ဒေသ ပါဝင်ရေး ပြဿနာကို ထပ်ခါတလဲလဲ ကြိုးကိုင်ဆောင်ရွက်နေကြောင်း၊ တကယ့် ရည်ရွယ်ချက်မှာ ယင်းကို အကြောင်းပြုပြီး “အချုပ်အခြာ အာဏာ ဆိုင်ရာ အဆင့်နေရာ”ဆိုသည်ကို ပြသပြီး WHOတွင် ပါဝင်ရန် ကြံစည်ခြင်းဖြင့် ထိုင်ဝမ် သီးခြားတည်ရှိရေး ကြံစည်ကာ နိုင်ငံတကာ အသိုင်းအဝိုင်းက စွဲကိုင်ထားသည့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို စိန်ခေါ်ရန် ဖြစ်ကြောင်း၊ ယင်းကြံစည်ချက်သည် ရှုံးနိမ့်မည်မှာ မုချမလွဲဖြစ်ကြောင်း၊ မိမိတို့သည် ထိုင်ဝမ် မွေးချင်းပေါက်ဖော်များ၏ ကျန်းမာရေးနှင့် ချမ်းသာသုခကို အစဉ်တစိုက် အလေးထားပြီး ကမ္ဘာ့ ကျန်းမာရေး ဆိုင်ရာများတွင် ထိုင်ဝမ်ဒေသ ပါဝင်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ သင့်လျော်ပြေလည်သည့် စီစဉ်မှုကို ပေးကြောင်း ပြောကြားခဲ့ပါသည်။