အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြား

(GMT+08:00)2024-05-14 15:14:10  

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တိုင်းတပါးသို့ တရားမဝင် ခိုးဝင်သူများ ပြဿနာနှင့် ပတ်သက်သော တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်လျှောက်လုံး  ရှင်းလင်းပြတ်သား ကြောင်း၊ တရုတ်အစိုးရသည် မည်သည့်ပုံစံဖြင့်မဆို တိုင်းတပါးသို့ တရားမဝင် ခိုးဝင်ခြင်းကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ လွန်ခဲ့သည့်နှစ်များတွင် တရုတ်တရားဥပေဒစိုးမိုးရေး ဌာနများသည် နယ်စပ်စီမံခန့်ခွဲမှုဆိုင်ရာပြစ်မှုကျူးလွန်မှုများကို နှိမ်နင်းတိုက်ဖျက်ခဲ့ရာ တိုင်းတပါးသို့ တရားမဝင် ခိုးဝင်မှုတွင် ပါဝင်သော အဖွဲ့အစည်းများနှင့် ပြစ်မှုကျူးလွန်သူ များအား တင်းကျပ်စွာ တိုက်ဖျက်သည့် အရှိန်အဟုန်ကို ထိန်းသိမ်းထားသဖြင့် အောင်မြင်မှု များ သိသိသာသာ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်မီဒီယာများနှင့် နိုင်ငံရေးသမားများအား ၄င်းကို အကြောင်းပြပြီး တရုတ်နိုင်ငံကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုပြီး အပြစ်လွှဲချရန် လုပ်ရပ်များကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံသည် တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများ ပြန်ပို့ရေးပြဿနာနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ပြလုပ်ရန် ပွင့်လင်းမြင်သာသော သဘော ထား ရှိကြောင်း၊ အမေရိကန်နိုင်ငံသည်လည်း ရိုးသားမှုကို ပြသပြီး တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုကို တန်းတူရည်တူအလေးထားကာ သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအတွက် သင့်လျှော် သော ပတ်ဝန်းကျင်ကို ဖန်တီး ပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။