တရုတ်-ဥရောပ ရထားသည် နိုင်ငံတကာ စီးပွားကုန်သွယ်ရေး အတွက် တည်ငြိမ်သော လမ်းကြောင်းကို ပံ့ပိုးပေး

(GMT+08:00)2024-05-14 10:57:01  

    ယခုနှစ်တွင် နိုင်ငံတကာ စီးပွားကုန်သွယ်ရေး ပတ်ဝန်းကျင်နှင့် ကုန်စည်ပို့ဆောင်ရေး ဆိုင်ရာများ အချိန်မှန်မှန် ရောက်ရှိနိုင်ရန် မရေရာမှုများ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ပြီး တရုတ်-ဥရောပ ရထားသည် ဆက်တိုက် ပုံမှန်တည်ငြိမ်စွာ ပြေးဆွဲကာ ဥရောပ-အာရှ အပြန်အလှန် ချိတ်ဆက်မှု အတွက် အခြေခံအုတ်မြစ်ကို ခိုင်မာစေ၍ တရုတ်-ဥရောပ အပါအဝင် ကမ္ဘာ့ စီးပွားကုန်သွယ်ရေး ကူးလူးဖလှယ်မှု များ အတွက် အားကောင်းသော ပံ့ပိုးမှု ပေးနေကြောင်း CCTVမှ သတင်းအရ သိရပါသည်။
    China State Railway Group Co.,Ltdမှ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလ အထိ တရုတ်-ဥရောပ ရထား ပြေးဆွဲမှု စုစုပေါင်း အကြိမ်ရေမှာ ၆၁၈၄ကြိမ်ရှိပြီး ကုန်သေတ္တာ ၆သိန်း၇သောင်း၅ထောင်ကို သယ်ယူပို့ဆောင်ကာ ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၀ရာခိုင်နှုန်းနှင့် ၁၁ရာခိုင်နှုန်း အသီးသီးတိုးလာကြောင်း သိရပါသည်။