အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အရှိန်အဟုန်အသစ်များကို လှုံ့ဆော်ပေးသည်

(GMT+08:00)2024-05-14 15:15:17  

ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် လျင်မြန်စွာ ပြန်လည်ဦးမော့လာပြီး ကုန်ထုတ်လုပ်မှုသည် ဆက်လက်ပြန်လည်ကောင်းမွန်လာခဲ့သည်။ မကြာသေးမီက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအသင်းမှ ထုတ်ပြန်သည့် အချက်အလက်များအရ ဧပြီလတွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်းမှာ ၈၉. ဖြစ်ပြီး ယခင်လကထက် . မှတ် တိုးလာကာ ၂၀၂၃ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်း ဆက်လက်တိုးမြင့်လာခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာမှုကို ဆက်လက် ခိုင်မာစေကြောင်း ပြသနေပါသည်။