အီရန်နှင့် ဆော်ဒီ ပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်များစွာ၌ အောင်မြင်မှု ရရှိသည်ဟု အီရန် နိုင်ငံခြားရေး ဝန်ကြီး ဆို

(GMT+08:00)2024-05-14 10:57:36  

   အီရန် နိုင်ငံခြားရေး ဝန်ကြီး Abdulrahijan က လွန်ခဲ့သည့် တစ်နှစ်ကျော် အတွင်း အီရန်နှင့် ဆော်ဒီအာရေဗျ ပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်များစွာ၌  အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ အနာဂတ်တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် အခွင့်အလမ်းများစွာ ရှိကြောင်း၊ အီရန်သည် ယင်းကို ကြိုဆိုပါကြောင်း မေလ ၁၂ ရက်နေ့က တီဟီရန်မြို့၌ ပြောကြားခဲ့ပါသည်။

  Abdulrahijan သည် ယင်းနေ့မှာ ကျင်းပသော တတိယအကြိမ် အီရန်-အာရပ်နိုင်ငံများ ဆွေးနွေးပွဲတွင် ဤသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယခုအကြိမ် ဆွေးနွေးပွဲတွင် အီရန်နှင့် အာရပ်နိုင်ငံ ၁၅ နိုင်ငံမှ ပညာရှင်များသည် နိုင်ငံတကာ စည်းစနစ်သစ်၊ ပါလက်စတိုင်းနှင့် အစ္စရေး ပဋိပက္ခ စသည့်အကြောင်းများကို ဆွေးနွေးခဲ့ကြသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။