တရုတ်နိုင်ငံက Sabina Shoal၌ ပင်လယ်ကို မြေယာဖြစ်အောင်လုပ်သည်ဟု ဖိလစ်ပိုင်မှ ပြောဆိုချက်နှင့်ပတ်သက်၍ တမင်တကာနာမည်ဖျက်ခြင်းဖြစ်သည်ဟု တရုတ်ဆို

(GMT+08:00)2024-05-14 10:56:17  

    မေလ ၁၃ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံသည် Sabina Shoal၌ ပင်လယ်ကို မြေယာဖြစ်အောင်လုပ်သည်ဟု ဖိလစ်ပိုင်၏ပြောဆိုချက်နှင့် ပတ်သက်၍ သတင်းထောက်က မေးမြန်းရာတွင် ဝမ်ဝင်ပင်က ယခုတလော ဖိလစ်ပိုင်သည် ကောလာဟလများကို ကြိမ်ဖန်များစွာလွှင့်ပြီး တရုတ်နိုင်ငံ၏နာမည်ကို တမင်တကာဖျက်၍ နိုင်ငံတကာမိသားစုကြီးကို လှည့်ဖြားရန် ကြိုးစားနေကြောင်း၊ ယင်းလုပ်ရပ်များသည် အလကားဖြစ်ကြောင်း၊ ဖိလစ်ပိုင်အနေနှင့် တာဝန်မဲ့သောအပြောအဆိုကို ရပ်စဲပြီး အဖြစ်မှန်ကို ရင်ဆိုင်ကာ စေ့စပ်ဆွေးနွေးခြင်းဖြင့် ပင်လယ်ဆိုင်ရာသဘောကွဲလွဲမှုကို သင့်လျော်စွာ ဖြေရှင်းသောလမ်းကြောင်းပေါ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိလာရန် မိမိတို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။