ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း Sergey Shoigu အား ရုရှားလုံခြုံရေး ကွန်ဖရင့် အတွင်းရေးမှူးအဖြစ် ခန့်အပ်

(GMT+08:00)2024-05-13 15:02:14  

ရုရှားနိုင်ငံသမ္မတ ပူတင်သည် သမ္မတအမိန့်ကို လက်မှတ်ရေးထိုးပြီး၊ ကာကွယ်ရေး ဝန်ကြီးဟောင်း Sergey Shoigu အား ရုရှားလုံခြုံရေး ကွန်ဖရင့် အတွင်းရေးမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း ရုရှားသမ္မတဝက်ဘ်ဆိုက်မှ ယခုလ ၁၂ ရက်နေ့က သတင်းထုတ်ပြန် ခဲ့ပါသည်။

ပူတင်သည် ထိုနေ့တွင်ပင် သမ္မတအမိန့်ကို လက်မှတ်ရေးထိုးပြီး ယခင် လုံခြုံရေး ကွန်ဖရင့် အတွင်းရေးမှူး Nikolai Patrushchev ကို ရာထူးမှဖယ်ရှားကာ အခြားတာဝန် ခန့်အပ်မည်ဟု သိရပါသည်။