ရုရှားလူနေအဆောက်အဦအား ယူကရိန်းမှဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့သောကြောင့် သေဆုံးသူဦးရေ ၁၅ဦးအထိ ရှိလာ

(GMT+08:00)2024-05-13 15:02:42  

မေလ ၁၂ရက်နေ့က ယူကရိန်း၏တိုက်ခိုက်မှုကြောင့် ပြိုကျခဲ့သော ဘယ်လ်ကိုလိုဒေသရှိ အဆောက်အဦအပျက်အစီးများအောက်တွင် သေဆုံးသူတစ်ဦး ထပ်မံ တွေ့ရှိခဲ့ပြီး ယခုအထိ သေဆုံးသူဦးရေ ၁၅ဦးအထိ ရှိကြောင်း ရုရှားအရေးပေါ် အခြေအနေ ဝန်ကြီးဌာန သတင်းရေးရာရုံးမှ နောက်ဆုံးသတင်းကိုကိုးကား၍ ရုရှားSputnikသတင်းဌာန က ၁၃ရက်နေ့တွင်ဖော်ပြပါသည်။

ရုရှားနိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ၁၂ရက်နေ့ သတင်းအရ ထိုနေ့တွင် ယူကရိန်းတပ်ဖွဲ့သည် နည်းဗျူဟာမြောက်ဒုံးကျည်နှင့် ဘဇူကာဒုံးလောင်ချာများဖြင့် ဘယ်လ်ကိုလိုဒေသရှိ လူနေရပ်ကွက်အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဘယ်လ်ကိုလိုဒေသရှိ လူနေအဆောက်အဦတစ်ခုသည်  ပစ်ချခံခဲ့ရသော ဒုံးကျည်အကြွင်းအကျန်၏ ထိမှန်ခြင်းကြောင့် ပြိုကျခဲ့ ကြောင်း သိရပါသည်။