ပထမ၄လအတွင်း Real economyကို ငွေကြေးဆိုင်ရာထောက်ခံမှု၏ အရည်အသွေးနှင့် ထိရောက်မှုများ တိုးတက်လာ

(GMT+08:00)2024-05-13 15:00:49  

တရုတ်ပြည်သူ့ဘဏ်မှ ထုတ်ပြန်သည့် နောက်ဆုံးစာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်နိုင်ငံ၏ Real economy အတွက် ငွေကြေး ထောက်ခံမှုအရည်အသွေးနှင့် ထိရောက်မှုများ ဆက်တိုက်တိုးတက်လာ၍ အရည်အသွေးမြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ကောင်းမွန်သောပတ်ဝန်းကျင်ကို ဖန်တီး ပေးနေကြောင်း သိရပါသည်။

စာရင်းအရ ဧပြီလ လကုန်ပိုင်းတွင် တရုတ်နိုင်ငံ၏ ငွေရင်းမြှုပ်နှံမှု အတိုင်းအတာသည် ယွမ် ၃၈၉.၉၃ ထရီလီယံရှိပြီး၊ ယင်းတို့အနက် Real economy အတွက် ချေးငွေ ယွမ်၂၄၄.၉ ၂ ထရီလီယံရှိပြီး ယမန်နှစ်အလားတူအချိန်ကထက် ၉ .၁ရာခိုင်နှုန်းတိုးလာ ကြောင်း သိရပါသည်။