အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် Rafah ၌ ဟားမတ်စ်များအား တိကျသော တိုက်ခိုက်မှု များကို ဆက်လက်လုပ်ဆောင်

(GMT+08:00)2024-05-13 15:03:08  

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဟာဂါရီက  ယခုလ ၁၂ ရက်နေ့ တွင် ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ရာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း Rafah မြို့၌ ပါလက်စတိုင်း အစ္စလမ္မစ်ခုခံရေးလှုပ်ရှားမှု အဖွဲ့(ဟားမတ်စ်)အား တိကျသော တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါသည်။

ဟာဂါရီက Rafah ၌ ဟားမတ်စ်များအား အစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှ တိကျသော တိုက်ခိုက်မှုများစတင်လုပ်ဆောင်ခဲ့ပြီးနောက် ပါလက်စတိုင်းလက်နက်ကိုင် ဒါဇင်ပေါင်းများ စွာကိုသတ်ဖြတ်ခဲ့ပြီး ဥမင်လှိုဏ်ခေါင်းများနှင့် လက်နက်အမြောက်အများလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။